Saturday, March 22, 2014

Sumsung Tab 3 Lite များဈေးနှုန်းကျဆင်း

Samsung မှ အသစ်ထုတ်လုပ်လိုက်သော တန်ဖိုးနည်း 7" Tab 3 ဖုန်းအမျိုးအစားကို 199000ကျပ်ဖြင့်
ရောင်းချခဲ့ရာ ယခုအခါ ထို Tab 3 အမျိုးအစားဖုန်း၏တန်ဖိုးမှာ 10000၀န်းကျင်ခန့်အထိ ဈေးကွက်
တွင်ဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ်လာခဲ့ပါသည်။ ထိုအမျိုးအစား ဖုန်းများမှာ ဈေးနှုန်းသက်သာသော်
လည်းပါဝင်သောပစ္စည်းအမျိုးအစားမှာ မျက်နှာပြင်အကျယ် 7" ဖြစ်သော်လည်း ကင်မရာမှာ
အပျော်တမ်းအဆင့်အောက်နိမ့်သော 2MP ကိုသာသုံးထားခြင်း၊ RAM ပမာဏနည်းပါးခြင်းတို့ကြောင့်
ဈေးကွက်အတွင်းလူကြိုက်နည်းနေသောကြောင့် ယခုကဲ့သို့ဈေးနှုန်းများကျဆင်းသွားခြင်းဖြစ်ကြောင်း
သိန်းသန်းမှသုံးသပ်ပါသည်။ ထိုဈေးနှုန်းဖြင့်ပင် စွမ်းရည်မြင့် Huawei, Lenovo စသည့်အမှတ်တံဆိပ်
7" Tablet များမှာ စွမ်းဆောင်ရည်ပိုမိုမြင့်မားလူကြိုက်များနေကြောင်းသိရှိရပါသည်။

0 comments:

Post a Comment