Thursday, April 10, 2014

မိုဘိုင်းတယ်လီဖုန်းများ၏ CRBT ( Caller Ring Back Tone) Service အဆင့်မြှင့်တင်

၁။ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း ဆက်သွယ်ရေး ဌာန က ၀န်ဆောင်မှု ပေးလျှက်ရှိသော CRBT (Caller Ring Back Tone) Service ကို ပြည်သူများ ပိုမို အဆင်ပြေစွာ အသုံးပြုနိုင်ရေး အတွက် စက်ပစ္စည်း များ တိုးချဲ့ခြင်း နှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာ သက်ဆိုင်ရာ စက်ပစ္စည်းများ အားလုံး တပ်ဆင် စမ်းသပ်ပြီး ဖြစ်ပါသည်။
 

 ၂။ သို့ပါ၍ ၂၀၁၄ ခုနှစ် မတ်လ (၃၁) ရက်နေ့ ည (၀၀:၀၀)နာရီ တွင် လက်ရှိ အသုံးပြုနေသော CRBT ( Caller Ring Back Tone ) Service စနစ်မှ အသစ် တပ်ဆင် စမ်းသပ်ပြီးဖြစ်သော စနစ်အသစ် သို့ ပြောင်းရွှေ့ တပ်ဆင်မည် ဖြစ်ပါ၍ (၃၁.၃.၂၀၁၄) ရက်နေ့ ည (၀၀:၀၀) နာရီ မှ (၁.၄.၂၀၁၄) ရက်နေ့ နံနက် (၀၅:၀၀)နာရီ အတွင်း သာမန် Ring Back Tone ဖြင့် ၀န်ဆောင်မှု ပေးထားမည် ဖြစ်ပြီး၊ နံနက် (၀၅:၀၀) နာရီ မှ စ၍ CRBT (Caller Ring Back Tone) Service ကို မူလ အတိုင်း ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

၃။ CRBT ( Caller Ring Back Tone ) Service ၀န်ဆောင်မှု ကို စုံစမ်းခြင်း၊ သီချင်း ၀ယ်ယူလိုခြင်း တို့ အတွက် Website www.ytune.com.mm အစား www.mmringtone.com သို့ ၀င်ရောက် ၍ လည်းကောင်း၊ ဖုန်းနံပါတ် 01-652283 / 09-5401888 / 01-555246 / 09-250543434 နံပါတ်များ သို့ ဆက်သွယ်၍ လည်းကောင်း ဆောင်ရွက်နိုင် ပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။








မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

0 comments:

Post a Comment