Saturday, November 30, 2013

ဖုန်းအင်တာနက် setting ထည့်နည်းများ

ဖုန်းအင်တာနက် setting တွေကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ GSM ဖုန်းအင်တာနက်Setting ထည့်နည်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Setting ထဲကိုဝင်ပါ။ ပြီးရင်ပုံမှာပြထားတဲ့အတိုင်း More setting ထဲကိုဝင်ပါ။

ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Mobile Network ကိုနှိပ်လိုက်ပါ။
Mobile Network ထဲက Access Point Name ကိုထပ်နှိပ်လိုက်ပါ။
ဒီလိုပေါ်လာပါလိမ့်မယ်
ပြီးရင် ဖုန်းပေါ်က Home, Menu, Back Key တွေထဲက Menu Key ကိုနှိပ်လိုက်ရင် ဒီလိုပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် New APN ကိုနှိပ်လိုက်ပါ။
အဲဒီမှာ Name ဆိုတဲ့နေရာမှာ မိမိကြိုက်နှစ်သစ်ရာ (သို့မဟုတ်) MPT ရိုက်ပေါ့။
APN ဆိုတဲ့နေရာမှာ mptnet လို့ရိုက်ထည့်လိုက်ပါ။ အသေးစားလုံးတွေဘဲရိုက်ရမှာနော်။
ကျန်တာတွေဘာမှမဖြည့်ပါနဲ့တော့။ ဖြည့်ချင်လဲရသေးတယ်။ ဒါပေမယ့်ဖုန်းတစ်လုံးနဲ့တစ်လုံး
ဖြည့်ရတာခြင်းမတူလို့ မဖြည့်လဲရပါတယ်နော်။
ပြီးရင်  ခုနကနှိပ်ခဲ့တဲ့ Menu Key လေးကိုနှိပ်ပြီး ပုံထဲကအတိုင်း Save လိုက်ပါ။
ပြီးရင် ပုံထဲကအတိုင်းလေး mpt ဆိုတဲ့နေရာမှာ အစိမ်းရောင်လေးလင်းအောင်အဲဒီပေါ်ကိုနှိပ်လိုက်ပါ။
ဒါက Samsung ဖုန်းမို့လို့ပါ။ အခြားဖုန်းတွေမှာလင်းချင်မှလင်းပါလိမ့်မယ်။


ပြီးသွားရင်တော့ Internet Setting ထည့်ချင်းလုပ်ငန်းပြီးပါပြီ။ Mobile Data ဆိုတဲ့နေရာမှာ
အပေါ်ကအတိုင်း အမှတ်ခြစ်ကလေး ပေါ်နေရင်စတင်အသုံးပြုနိုင်ပါပြီ။
======================================================
MEC Tel Internet Setting ထည့်နည်း
ဒါကတော့ရှင်းပါတယ်အပေါ်ကအဆင့်တွေအတိုင်း လုပ်ပြီး
Name - ကိုယ်ကြိုက်တာထည့်
APN - mectel ထည့်
User Name - card ထည့်
Password - card ထည့်
Aunthentication type - PAP or CHAP ရွေးထည့်
APN type - * သို့မဟုတ် default ထည့်
ပြီးရင် Save လုပ်ပြီးသုံးနိုင်ပါပြီ။
* သို့မဟုတ် default ဆိုတာက Mec Tel သုံးတဲ့ Y300C, C8813D, C8813 စတဲ့ဖုန်းတွေမှာ
* ထည့်ပေးရပါမယ်။ Y210C, G610C, Y320C စတဲ့ဖုန်းတွေမှာကြတော့
default ထည့်မှသုံးလို့ရပါမယ်။

ကဲ ကိုယ်တိုင် Internet Setting ထည့်ပြီးဗဟုသုတတိုး၍ပြုံးပျော်နိုင်ကြပါစေ။

သိန်းသန်း မိုဘိုင်း
ဖုန်း 098578559


0 comments:

Post a Comment